♫ Android မှာ Safe Mode ဖြင့် ပြဿ နားများကို ဖြေရှင်းနည်း ♫



သင့် Android Device ကောင်းကောင်း အလုပ်မလုပ်တော့ရင် Hard Reset လုပ်ခြင်းဖြင့် ပြဿဿ     နာများကို ဖြေရှင်းနိုင်ပါတယ်။ Hard Reset လုပ်ရင် Apps များအပါအ၀င် သင့်ရဲ့ ဒေတာအားလုံးကို ဖျက်ဆီးပစ်မှာဖြစ်ပြီး သင့်ဖုန်းဟာ စက်ရုံကထုတ်တဲ့ အနေအထားကို ပြန်လည်ရောက်ရှိသွားမှာပါ။ ဒါပေမယ့် Hard Reset မလုပ်ဘဲ Boot Loop နဲ့ Freeze ဖြစ်ခြင်း၊ ဖုန်းလေးလံ နှေးကွေးခြင်းများကို ဖြေရှင်းနိုင်တဲ့ နည်းလမ်း ရှိပါတယ်။ ဒီလို ဖြစ်တာဟာ မကြာခင်က အင်စတောလုပ်လိုက်တဲ့ Incompatible Apps များ၊ Buggy Apps များကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒီလို Apps များကြောင့် ဖြစ်တာလားဆိုတာကို သိနိုင်ဖို့ Safe Mode ထဲ ၀င်ပြီး အဖြေရှာနိုင်ပါတယ်။ သင့်ရဲ့ ဖုန်းကို Hard Reset မလုပ်ခင်နဲ့ ဖုန်းပြင်ဆိုင် မပို့ခင်မှာ Safe Mode ဖြင့် အဖြေရှာသင့်ပါတယ်။

Android မှာ Safe Mode ထဲဝင်တဲ့ နည်းလမ်းများကတော့ ဖုန်းထုတ်လုပ်သူ အပေါ် မူတည်ပြီး တစ်လုံးနဲ့ တစ်လုံး မတူညီကြပါဘူ။ ခလုတ် အတွဲအစပ်များ နှိပ်ရသလို On-Screen Buttons များလည်း နှိပ်ရပါတယ်။ သင့် ဖုန်းအတွက် Safe Mode ၀င်ရတဲ့ နည်းလမ်းကို အွန်လိုင်းမှာ ရှာဖွေပါ။

Safe Mode မှာ ပြဿဿ     နာများကို အဖြေရှာခြင်း

သင့်ဖုန်းဟာ Safe Mode ထဲရောက်သွားရင် Play Store ကနေ သင် အင်စတောလုပ်ထားတဲ့ Apps အားလုံးကို ခဏတာ Disable လုပ်လိုက်ပါတယ်။ အဲဒီအတွက် ဖုန်းရဲ့ အမှားလား၊ သင် မကြာခင်က အင်စတောလုပ်လိုက်တဲ့ App ရဲ့ အမှားလားဆိုတာကို စစ်ဆေးနိုင်မှာပါ။ ပြဿနာကို အဖြေရှာဖို့ အောက်ပါအဆင့်အတိုင်း ပြုလုပ်ပါ။
၁။ သင့်ဖုန်းမှာ Safe Mode ထဲသွားပါ။




၂။ ပြဿ     နာဖြစ်စေနိုင်တယ်လို့ သင်ထင်ရတဲ့ မကြာခင်က အင်စတောလုပ်ထားတဲ့ App ကို Uninstall လုပ်ပါ။




၃။ သင့်ဖုန်းကို Restart လုပ်ပါ။ ဒါဆိုရင် Normal Mode ကို ပြန်ရောက်မှာပါ။




၎။ သင့်ဖုန်းရဲ့ ပြဿ     နာပြေလည်သွားပြီလားဆိုတာ လေ့လာပါ။ ပြဿ     နာရှိသေးရင် အဆင့် ၁ ကနေ ၃ အတိုင်း ဆက်လက်ပြုလုပ်ပါ။




ဒီနည်းအတိုင်း သင့်ဖုန်းရဲ့ ပြဿဿ     နာများကို အဖြေရှာနိုင်ပါတယ်။ Safe Mode မှာ ဖုန်းပြောဆိုခြင်း၊ SMS ပေးပို့ခြင်း၊ အင်တာနက် ကြည့်ခြင်းနဲ့ နဂိုထည့်သွင်းထားတဲ့ Apps များကို အသုံးပြုနိုင်ပါတယ်။ ဒီနည်းနဲ့ ပြဿ     နာမပြေလည်သေးဘူးဆိုရင် သင့်ဖုန်းမှ ဒေတာများကို Backup လုပ်ပြီး Hard Reset လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် ဖုန်းပြင်တဲ့ ဆိုင်ကို ပို့နိုင်ပါတယ်။




Credit to ==> Digital Times
                        Pyae Phyo (mmitd)

Facebook မှ လာရောက်အားပေးချင်ရင်ဒီကိုနှိပ်ပါ

မူရင်းလေ့လာချင်ရင်ဒီကိုနှိပ်ပါ


KENBO-E71 FRP Lock ကို Without Tools ဖြင့်ကျော်နည်း

KENBO-E71 FRP Lock ကို Without Tools ဖြင့်ကျော်နည်း

KENBO-E71 ကို Without Tool နဲ့ FRP Lock ကျော်တဲ့နည်းလမ်းလေးပါ သိတဲ့အတိုင်းပါဘဲ ကျနော်ကတော့ Tools User သမားတွေဆိုတော့ အရင်ကတော့ရှာလိုက်တာ ဟိုမမှီ ဒီမမှီဆိုတော့ပင်ပမ်းတာပေါ့ဗျာ..ဒါလေးတော့ကျနော့်လိုအခက်ဖြစ်နေသော လောကသားညီနောင်များအားလုံးအတွက်တင်ပေးလိုက်ပါတယ် ဆရာသမားများအတွက်တော့လိုတော့ပါဘူး အမှားပါရင်တော့နားလည်နိုင်ပါစေ...

ကဲစမယ်ဗျာ.....ပထမဆုံး Account lock ကျနေတဲ့ဖုန်းလေးထဲကို SIM တစ်ကဒ်ထည့်လိုက်ပါ ထည့်လိုက်တဲ့ကဒ်ကတော့ကောင်းပါစေနော် ဘာလုပ်လဲဆိုတော့မက်ဆေ့ခ်ျပို့လို့မရမှာစိုးလို့ပါ ကဒ်ထည့်ပီးစက်ဖွင့်ထားမယ် အဲတာပီးတော့ အခြားဖုန်းတစ်လုံးကနေ မက်ဆေ့ခ်ျပို့ပေးရပါမယ်၊ Lock ကျနေတဲ့ဖုန်းထဲမှာဝင်လာတဲ့မက်ဆေ့လေးကိုဖွင့်လိုက်ပါ။


ပြီးဘီဆိုရင် ညာဘက်ထောင့်ကအပေါင်းပုံစံလေးကိုနှိပ်ပါ ဒါလောက်ဆိုလုပ်နေကျနောင်တော်တွေကတော့ပေါက်ရော့မယ် ဒါမဲ့ကျနော်တို့လို ငထူတွေကျရသေးဘူးဗျရယ် :) ဒါမဲ့နည်းနည်းကျော်လိုက်မယ်ဗျာ အောက်ကပုံအဆင့်လိုလေးရောက်အောင်သွားလိုက်


အဲအချိန်မယ် တစ်ခုခုထဲကိုဝင်ပီး Notification Setting ကိုဆွဲကြည့်လိုက်ပါ ကျနော်တို့လိုချင်တဲ့ Setting ထဲကနေ Security ကိုပြင်ခွင့်ရသွားပါဘီ Unknown Sources ကိုဖွင့်မယ် ပီးတာနဲ့ Factory Reset ပြန်ချမယ် ကျနော်တော့အဲလိုနဲ့အဆင်ပြေထားပါတယ် မရသေးရင်တော့အခြားအကောင့်နဲ့ဆိုင်တဲ့ application တွေဖြုတ်ချထားပီးမ reset ချဖို့လိုမယ်ထင်တယ်


ဒီလိုလေးအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်  


အားလုံးအဆင်ပြေပါစေ...။



Y541-U02 Build Number B106 PAC Firmware

Y541-U02 Build Number B106 PAC Firmware

Y541-U02 Build Number B106 PAC Firmware

Miracle နဲ့မရေးပါနဲ့

Research Download ကို အခုပေးထားတဲ့ Tool နဲ့ပဲရေးပါ 

⏩⏩ Download Tool ⏪⏪

⏩⏩ Download Firmware ⏪⏪

Credit
      New World Mobile

Facebook မှလာရောက်အားပေးချင်ရင်ဒီကိုနှိပ်ပါ


OPPO Firmware

OPPO Firmware

http://www.minokekar.net/2016/05/oppo-r2001-dead-in-vibrate-only-fix-by.html
pass= www.minokekar.net

Credit
       Myo Min Aung
အကောင့်မှကူးယူသည်


Samsung FRP ဖြည့်မယ့်သူများ

Samsung FRP ဖြည့်မယ့်သူများ စာရိုက်ရတာကို

ကျွန်တော်လိုအပျင်းထူတဲ့သူတွေအတွက်ပါ

ဘာညာသာတကာ စာရိုက်စရာမလိုပဲ COM Port ရွေး

ခေါ်ချင်တဲ့ နံပါတ်ရိုက် Call ကိုနှိပ် Just One Click

Credit To Developer

                 ⏩⏩ Download ⏪⏪

အသစ်ထွက် Solution,  အသစ်ထွက် Tool, အသစ်ထွက်အရာတော်တော်များများ

Ready in My Paid Group

Credit ပါ
              Htet R Kar

မူရင်းသွားရောက်လေ့လာချင်ရင်ဒီကိုနှိပ်ပါ

Facebook မှလာရောက်အားပေးချင်ရင်ဒီကိုနှိပ်ပါ



PHICOMM မြန်မာဖောင့် ထည့်နည်း

PHICOMM မြန်မာဖောင့် ထည့်နည်း

File manager -myfile -internal storage -auitheme -thrmes- ထဲကို down ထားတဲ့ zip file လေးထည့်ပေးလိုက်ပါ ပြီးတော့ Themes app ထဲကိုဝင်မယ် local font ထဲမှာ zawgyi one2 လေးကို Apply Reboot ချလိုက်

                    ⏩⏩ Download ⏪⏪

Credit ပါ
             Thar Nge

Facebook မှလာရောက်အားပေးချင်ရင်ဒီကိုနှိပ်ပါ



 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ပျဉ်းမနားသားလေး Credit Software ဆိုင်ရာ - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger