Home » » pCloud ကနေ ကိုယ် Download Link ပေးချင်တဲ့ Link ကို Save ထားလို့ မရအောင်ဘ

pCloud ကနေ ကိုယ် Download Link ပေးချင်တဲ့ Link ကို Save ထားလို့ မရအောင်ဘ

pCloud ကနေ ကိုယ် Download Link ပေးချင်တဲ့ Link ကို Save ထားလို့ မရအောင်ဘယ်လိုလုပ်မလဲ? pCloud ကနေ Save ထားလို့မရအောင်ပေးထားတဲ့ Link ကိုလဲ Save ထားလို့ရအောင် ဘယ်လိုလုပ်မလဲ?

အောက်မှာ ပေးထားတဲ့ ဥပမာ (1) နဲ့ (2) ကိုလေ့လာကြည့်ပါ

ဥပမာ။ ။(1)
                         { 1.ဒီမှာနှိပ်ပါ }

                         { 2.ဒီမှာနှိပ်ပါ }

ဥပမာ။ ။(2)    
                         { 1.ဒီမှာနှိပ်ပါ }

                         { 2.ဒီမှာနှိပ်ပါ }

ဥပမာ(1)မှာ Link နှစ်ခု
ဥပမာ(2)မှာ Link နှစ်ခု

ဥပမာ(1)က Link (1) နဲ့ (2) ကို down ရင် ဘယ် Link ကို Down Down ဒီ File ပဲ ရလာမှာပါ ဒါဖြင့် ဘာကွာသလဲ? Link (1) ကနေ သွားရင် ခင်ဗျားတို့ရဲ့ pCloud မှာ Save ထားမှာလား? ဖုန်းမှာ Save(down) မှာလား?ဆိုပြီးရွေးခိုင်းပါလိမ့်မယ်

Link(2)ကနေ သွားရင် အဲလို မမေးတော့ပါဘူး
ခင်ဗျားတို့ရဲ့ ဖုန်းမှာပဲ Save(down) ဖို့  Ok နဲ့ Cancel ပဲရွေးခိုင်းမှာပါ ဖုန်းမှာ Save(dow)
မယ်ဆိုရင်တော့ Ok ပေါ့ မ Save ဘူးဆိုရင် Cancel ပေါ့

အဲလို့ Save ထားလို့ မရအောင် Link ဘယ်လို ယူမလဲဆိုတာကိုတော့ အောက်မှာ စာနဲ့ကော ပုံနဲ့ပါ သေခြာရှင်းပြထားပါတယ် ကြည့်လိုက်ပါ Save
ချင်ရင် Save ထားလို့ရအောင် Link ပေးတာကတော့ ခင်ဗျားတို့ Link ချပေးနေကျ အတိုင်း အတူတူပါပဲ

ဥပမာ(1)နဲ့(2)မှာ Link နှစ်ခုစီပေးထားတယ်

ဥပမာ(1)က Software Link ပါ

ဥပမာ(2)က PDF Link ပါ။

ဥပမာတစ်ခုချင်းစီမှာ Link နှစ်ခုပါတယ် အဲဒီ Link နှစ်ခုကို အက္ခရာတစ်လုံးချင်းစီစစ်ကြပါ မတူပါဘူး

Save ချင် Save ထားလို့ရတဲ့ Link က
https://my.pcloud.com/publink/show?code ဘာညာ ဘာညာဆိုပြီးပေါ့နော်

Save ထားလို့မရတဲ့ Link က
https://api.pcloud.com/getpubzip?code ဘာညာဘာညာပေါ့နော်

Save ထားလို့မရအောင်ပေးထားတဲ့ Link ကို Save ထားလို့ ရချင်ရင်
https://api နေရာမှာ api ကို ဖြတ်ပြီး my
ပြောင်းပါ

getpubzip? နေရာမှာ getpubzip ကိုဖြတ်ပြီး publink/show ကိုရေးလိုက်ပါ
ဒါဆိုရပါပြီ။ Ok. ပြောင်းရေးရမည့်နေရာက နှစ်ခုနော် မမေ့ပါနဲ့

ကိုယ် download ပေးချင်တဲ့ Link ကို Save လို့မရအောင်လုပ်ချင်ရင်တော့ အောက်က ပုံတွေ အတိုင်းကြည့်ပြီးလုပ်နိုင်သလို
အပေါ်မှာပြောခဲ့တဲ့ နေရာတွေမှာ စာပြောင်းရေးပေးလိုက်ယုံပါပဲ
တစ်ခု သတိပြုရမှာက Download Link ပေးရာမှာ 1ခုထက်ပိုရပါမယ် ကိုယ် Download link ပေးချင်တဲ့ Software, PDF က တစ်ခုထဲဖြစ်နေရင် ဓာတ်ပုံလေးဖြစ်ဖြစ် နောက်ထပ်တစ်ခုထည့်ပေးလိုက်ပေါ့

ကိုယ်ပေးချင်တဲ့ Link က တစ်ခုထက်တော့ပိုရပါတယ်
Download Link ကတစ်ခုထဲဆိုရင်လဲ
ရတာတော့ပါတယ်
ဒါပေမဲ့ Link ကို Copy ယူပြီး browser တစ်ခုမှာ Past လုပ်ပြီး Go ကိုနဲ့သွားပြီးမှာ
အဲဒီ browserကို Link ကို Copy ယူပြီးမှ ဟိုး အပေါ်မှာပြောခဲ့တဲ့ အတိုင်း စာဖြတ်ပြီး ရေးရမည့်နေရာ နှစ်နေရာကို ပြောင်းပြီးရေးရမှာပါ အောက်ကပုံတွေနဲ့စာတွေကိုသာကြည့်လိုက်ပါ ဒါက ပိုပြီး အဆင်ပြေမယ် ထင်တယ်
ကျနော်ကတော့ တစ်ခုထက်ပိုတဲ့ Link ပေးတဲ့နည်းနဲ့ပေးပြပေးမှာပါ
ကျနော်လဲ မတက်နိုင်ဆုံး အရှင်းဆုံးဖြစ်အောက်တော့ ပြောပြပေးတာပဲ တကယ်လို့မှ နားမလည်ဘူး မရှင်းဘူးဆိုရင် ChatBox မှာ လာမေးပါ။
ခင်ဗျာတို့ကတော့ အဆင်ပြေမှာပါ ကျနော်လိုအခုကလေးတစ်ယောက် အခုမှနည်းပညာထဲဝင်လာတဲ့သူတောင် ဒီလောက်တွေးနိုင်တာ ခင်ဗျားတို့က ကျနော်ထက်ပိုမှာပါဗျာ
အားလုံးကို ကျေးဇူးတင်ပါတယ်


ကိုယ် Download Link ပေးမည့်ဟာ နှစ်ခုကို
အောက်က ပုံအတိုင်း Select မှတ်ပြီး Share
ပုံလေးကိုနှိပ်လိုက်ပါ


ဒီလိုလေးပေါ်လာပါမယ် Title မှာ ကိုယ်ကြိုက်ရာရေးပါ ကျနော်ကတော့ Networking PDF
တွေမို့ Networking လို့ ပဲရေးလိုက်တယ်
ပြီးရင်တော့ Create ကိုနှိပ်ပါ


ဒီနေရာမှာ Linkကို Copy ယူဖို့ အတွက်
ကျနော်ကတော့ Message ကိုပဲရွေးလိုက်တယ်


ဒီနေရာမှာ ကတည်းက ပြောင်းချင်ရင်
ပြောင်းလို့ ရပြီနော်
my နေရာမှာ api တို့ publink/show?
နေရာမှာ getpublink? တို့ ကျနော်ကတော့ ဒီနေရာမှာမပြောင်းသေးဘူး Link ကို Copy ယူလိုက်တယ်


အောက်ကပုံအတိုင်း Note ကိုသွားပြီး

Past နှစ်ခါ လုပ်တယ် ပထမတစ်ခါက မူလ အတိုင်းပဲထားတယ်ပေါ့ ဒုတိယတစ်ခါကိုတော့မူလ အတိုင်းမထားပါပဲ my နေရာ api ပြောင်းရေးလိုက်တယ် publink/show? နေရာမှာ getpublink?လို့ပြောင်းလိုက်တာပါဒါဆိုရင် အဆင်ပြေပြီနော်

download link ကတစ်ခုတည်းဆိုရင်တော့ အခုလို my နေရာမှာ api တွေ ဘာတွေ ပြောင်းဖို့တွေရမှာ မဟုတ်ဘူး အဲဒါကျတော့ အပေါ်မှာပြောခဲ့တဲ့အတိုင်း browser မှာ Past လုပ်ပြီး Go Or Enter ခေါက် 2 စက္ကန့်လောက်နေပြီးရင် browser ရဲ့bar ကနေ Copy ပြန်ယူပြီးရင်
တော့ my နေရာမှာ api ပြောင်းတာတို့ 
လုပ်လ်ို့ရပါပြီ

နည်းကတော့ အမျိုးမျိုးရှိတယ်ဗျ
ကိုယ်ဥာဏ်ရှိရင်ရှိသလို ကိုယ်တွေးရင်တွေးတက်သလို လုပ်လို့ရပါတယ် အခုက စာတွေနဲ့ ပုံတွေနဲ့သေခြာအရှင်းဆုံးဖြစ်အောင်ပြောပြတော့
ခက်တယ်ထင်နေလိမ့်မယ် ကိုယ်တိုင်လုပ်ကြည့်လိုက်ပါ တကယ်တော့ မခက်ပါဘူး
ကျနော်ကတော့ စာနဲ့  သိပ်ပြီးတော့ သေခြာပြောမပြတက်ဘူး အကောင်းဆုံးဖြစ်အောင်တော့ရှင်းပြထားတယ် အပြင်မှာတက်တွေ့ပြရတာကို ပိုသဘောကျတယ် Video file နဲ့ဆိုလဲ မဆိုးပါဘူး ဒါပေမဲ့ Video file က Facebook Upload တင်ဖို့ မတက်နိုင်လို့ပါ Video file ကလဲ ကြည့်ရလို့မကြည်ရင် အဆင်မပြေဘူး တစ်ချို့ဆိုရင် Line မကောင်းလို့ ကြည့်လို့မရတဲ့သူနဲ့ အမျိုးမျိုးပဲလေ လိုအပ်ရင်တော့ Chatbox မှာ လာခဲ့ပါ နားမလည်ရင် ထပ်ပြီးရှင်းပြပါမယ်



Jika Anda menyukai Artikel di blog ini, Silahkan klik disini untuk berlangganan gratis via email, dengan begitu Anda akan mendapat kiriman artikel setiap ada artikel yang terbit di Creating Website

0 comments:

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ပျဉ်းမနားသားလေး Credit Software ဆိုင်ရာ - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger