Home » » ♫ Android မှာ Safe Mode ဖြင့် ပြဿ နားများကို ဖြေရှင်းနည်း ♫

♫ Android မှာ Safe Mode ဖြင့် ပြဿ နားများကို ဖြေရှင်းနည်း ♫



သင့် Android Device ကောင်းကောင်း အလုပ်မလုပ်တော့ရင် Hard Reset လုပ်ခြင်းဖြင့် ပြဿဿ     နာများကို ဖြေရှင်းနိုင်ပါတယ်။ Hard Reset လုပ်ရင် Apps များအပါအ၀င် သင့်ရဲ့ ဒေတာအားလုံးကို ဖျက်ဆီးပစ်မှာဖြစ်ပြီး သင့်ဖုန်းဟာ စက်ရုံကထုတ်တဲ့ အနေအထားကို ပြန်လည်ရောက်ရှိသွားမှာပါ။ ဒါပေမယ့် Hard Reset မလုပ်ဘဲ Boot Loop နဲ့ Freeze ဖြစ်ခြင်း၊ ဖုန်းလေးလံ နှေးကွေးခြင်းများကို ဖြေရှင်းနိုင်တဲ့ နည်းလမ်း ရှိပါတယ်။ ဒီလို ဖြစ်တာဟာ မကြာခင်က အင်စတောလုပ်လိုက်တဲ့ Incompatible Apps များ၊ Buggy Apps များကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒီလို Apps များကြောင့် ဖြစ်တာလားဆိုတာကို သိနိုင်ဖို့ Safe Mode ထဲ ၀င်ပြီး အဖြေရှာနိုင်ပါတယ်။ သင့်ရဲ့ ဖုန်းကို Hard Reset မလုပ်ခင်နဲ့ ဖုန်းပြင်ဆိုင် မပို့ခင်မှာ Safe Mode ဖြင့် အဖြေရှာသင့်ပါတယ်။

Android မှာ Safe Mode ထဲဝင်တဲ့ နည်းလမ်းများကတော့ ဖုန်းထုတ်လုပ်သူ အပေါ် မူတည်ပြီး တစ်လုံးနဲ့ တစ်လုံး မတူညီကြပါဘူ။ ခလုတ် အတွဲအစပ်များ နှိပ်ရသလို On-Screen Buttons များလည်း နှိပ်ရပါတယ်။ သင့် ဖုန်းအတွက် Safe Mode ၀င်ရတဲ့ နည်းလမ်းကို အွန်လိုင်းမှာ ရှာဖွေပါ။

Safe Mode မှာ ပြဿဿ     နာများကို အဖြေရှာခြင်း

သင့်ဖုန်းဟာ Safe Mode ထဲရောက်သွားရင် Play Store ကနေ သင် အင်စတောလုပ်ထားတဲ့ Apps အားလုံးကို ခဏတာ Disable လုပ်လိုက်ပါတယ်။ အဲဒီအတွက် ဖုန်းရဲ့ အမှားလား၊ သင် မကြာခင်က အင်စတောလုပ်လိုက်တဲ့ App ရဲ့ အမှားလားဆိုတာကို စစ်ဆေးနိုင်မှာပါ။ ပြဿနာကို အဖြေရှာဖို့ အောက်ပါအဆင့်အတိုင်း ပြုလုပ်ပါ။
၁။ သင့်ဖုန်းမှာ Safe Mode ထဲသွားပါ။




၂။ ပြဿ     နာဖြစ်စေနိုင်တယ်လို့ သင်ထင်ရတဲ့ မကြာခင်က အင်စတောလုပ်ထားတဲ့ App ကို Uninstall လုပ်ပါ။




၃။ သင့်ဖုန်းကို Restart လုပ်ပါ။ ဒါဆိုရင် Normal Mode ကို ပြန်ရောက်မှာပါ။




၎။ သင့်ဖုန်းရဲ့ ပြဿ     နာပြေလည်သွားပြီလားဆိုတာ လေ့လာပါ။ ပြဿ     နာရှိသေးရင် အဆင့် ၁ ကနေ ၃ အတိုင်း ဆက်လက်ပြုလုပ်ပါ။




ဒီနည်းအတိုင်း သင့်ဖုန်းရဲ့ ပြဿဿ     နာများကို အဖြေရှာနိုင်ပါတယ်။ Safe Mode မှာ ဖုန်းပြောဆိုခြင်း၊ SMS ပေးပို့ခြင်း၊ အင်တာနက် ကြည့်ခြင်းနဲ့ နဂိုထည့်သွင်းထားတဲ့ Apps များကို အသုံးပြုနိုင်ပါတယ်။ ဒီနည်းနဲ့ ပြဿ     နာမပြေလည်သေးဘူးဆိုရင် သင့်ဖုန်းမှ ဒေတာများကို Backup လုပ်ပြီး Hard Reset လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် ဖုန်းပြင်တဲ့ ဆိုင်ကို ပို့နိုင်ပါတယ်။




Credit to ==> Digital Times
                        Pyae Phyo (mmitd)

Facebook မှ လာရောက်အားပေးချင်ရင်ဒီကိုနှိပ်ပါ

မူရင်းလေ့လာချင်ရင်ဒီကိုနှိပ်ပါ


Jika Anda menyukai Artikel di blog ini, Silahkan klik disini untuk berlangganan gratis via email, dengan begitu Anda akan mendapat kiriman artikel setiap ada artikel yang terbit di Creating Website

0 comments:

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ပျဉ်းမနားသားလေး Credit Software ဆိုင်ရာ - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger